ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ Online e-commerce လုပ်ငန်းစထောင်မဲ့သူသူတွေ ကြုံတွေ့ရမယ့် စိန်ခေါ်မှု (၈) ရပ်အကြောင်းပဲဖြစ်ပါတယ်။

(၁) Competition ကိုနားလည်တာတစ်ခုတည်းမဟုတ်ပဲ ဘယ်လို ပိုကောင်းအောင်လုပ်ရမလဲ ဆိုတာကို သိရပါမယ်။ သင့်မှာ idea ကောင်းကောင်းရှိတယ် ဒါပင်မဲ့ အဲ့ idea ကသူများရှိပြီးသား ဖြစ်နေနိုင်တယ်။ ပိုလဲကောင်းနေနိုင်တယ်။
(၂) အချက်အလက်မပြည့်စုံခြင်းOnline shopping မှာဆိုရင် ကိုရောင်းမဲ့ product ရဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ရှင်းရှင်းလင်းလင်း ဖော်ပြထားဖို့ လိုပါတယ်။ အပြင်မှာ ကိုယ်တိုင် ရောင်းရင်က product အကြောင်းကို သေချာရှင်းပြလို့၇ပင်မဲ့ online မှာရောင်းရင် information သေချာထည့်ထားဖို့လိုပါတယ်။ Product review တွေ product information ပေးတဲ့နေရာမှာလဲ sizing chart တွေ ဓာတ်ပုံတွေ SKU ကအစ ထည့်ပေးရပါမယ်။
(၃) marketing ဆင်းတဲ့အခါ ဖုန်း Sms ကနေဖြစ်စေ email ကနေဖြစ်စေ social network တွေကဖြစ်စေ သို့မဟုတ် လူကိုယ်တိုင်အတွေ့အကြုံကနေ ဖြစ်စေ နည်းလမ်းအစုံသုံးပါ။ ( channel အစုံသုံးပါ )တစ်ချို့ customer တွေက သူတို့လိုချင်တဲ့ product ကိုမ၀ယ်ခင် တော်တော်လေးကို research အစုံလုပ်တတ်ကြပါတယ်။ သင် target လုပ်တဲ့ market က showrooming နဲ့ webrooming ဘယ်နည်းနဲ့ပိုအဆင်ပြေလဲ သေချာသိအောင်လုပ်ပါ။ Extrahop company ရဲ့ CIO ဖြစ်သူ John Matthews က “ ပိုမိုကောင်းမွန်တဲ့ ဈေးဝယ်မှုစနစ်အတွက် channel အစုံသုံးရပါမယ်” လို့ပြောပါတယ်။သင်ဟာ သင့် product ကို အပြင်ဆိုင်နဲ့ရော online store နဲ့ရော ရောင်းမယ်ဆိုရင် အဲ့ store နှစ်ခုကိုချိတ်ပြီး customer အတွက် သက်တောင့်သက်သာ ဖြစ်စေမယ့်နည်းကို ရွေးလို့ရအောင် ဆောင်ရွက်ပါ။ customer ဘယ်နည်းသုံးပြီးဝယ်ဝယ် သင့်အတွက် အမြတ်ပါပဲ။
(၄) လူအများအတွက် တကယ်အသုံးဝင်မှာမျိုးကို ဆောင်ရွက်ပါ။ခေတ်နဲ့အညီလိုက်လျောညီထွေဖြစ်ဖို့လိုပါတယ် ဒါပင်မဲ့ဘာခေတ်စားလာမလဲဆိုတာက မှန်းဆရသိပ်မလွယ်ပါဘူး။ အဲ့တော့ ခေတ်နောက်ကိုတောက်လျောက်လိုက်ပြီး အချိန်ဖြုံးနေမဲ့အစား တကယ်လက်တွေ့အသုံးဝင်ပြီး လိုအပ်တာမျိုးကို ဖန်တီးဖို့လိုပါတယ်။ လူတွေအတွက် တကယ်တန်ဖိုးရှိတာမျိုးကိုဆောင်ရွက်တာက trend တွေနောက်ကိုလိုက်တာမျိုးထက် ပိုကောင်းပါတယ်။
(၅) Website ရဲ့ design တွေ အမြန်နှုန်းတွေ အသုံးဝင်မှုတွေဟာလဲ အရေးကြီးပါတယ် သင့် website ဟာသင့် brand ကို ကိုယ်စားပြုမှာကြောင့် impression ကောင်းဖို့လိုပါတယ် code သေချာရေးထားပြီး သုံးရတာ လျောလျောရှုရှုဖြစ်ဖို့ လိုအပ်ပါတယ်။
(၆) မှန်ကန်တဲ့ အလုပ်သမားတွေကို ငှားရပါမယ်။လုပ်ငန်းတစ်ခုလုပ်ရင် အလုပ်သမားတွေလိုပါတယ်။ အလုပ်သမားငှားရတာဟာ မလွယ်ကူပါဘူး။ သင်ဟာ ငွေကြေးကိုချိန်ရတဲ့သူဆိုရင် ပိုဆိုးပါတယ်။ သင့်လုပ်ငန်းရဲ့ အနိမ့်အမြင့်တွေမှာ သင်နဲ့အတူ အင်တိုက်အားတိုက် လက်တွဲဆောင်ရွက်မဲ့ team ကောင်းကောင်းလိုပါတယ်။ သင်ဟာ တကယ်ကို skill ရော work ethic ရော ရှိတဲ့သူမျိုးရပြီဆိုရင် အဲ့လိုလူမျိုးကိုလက်မလွတ်ရလေအောင် သူတို့ရဲ့ အားထုတ်မှုကိုတန်ဖိုးထားပြီး လစာကောင်းကောင်းပေးသင့်ပါတယ်။ ဒါဟာသင့်လုပ်ငန်း အောင်မြင်တိုးတက်ဖို့အတွက် အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။
(၇) Consumer fraud တွေဟာသင်ထင်တာထက် ပိုများပါတယ်။ တစ်ချို့ဖျတ်လိုဖျတ်ဆီး လုပ်ချင်တဲ့သူတွေက online purchase လုပ်ပြီး သူတို့ဆီပစ္စည်းရောက်တဲ့ထိစောင့်တယ်။ ပြီးမှ bank ဆီကို transaction တလွဲ ဖြစ်နေပါတယ်ဆိုပြီး လိမ်ပြောတယ်။ bank ကတော့ customer ဘက်က ရပ်တည်ပေးတာပေါ့။ Small business တွေဒီလို ကိစ္စမျိုးကြုံရင် လိုက်ပြီး ဖြေရှင်းမနေတော့ဘဲ အရှုံးလို့ပဲသတ်မှတ်လိုက်တယ်။တချို့အမှန်အကန် customer တွေကျတော့ information များကို လျှို့ဝှက်သိမ်းဆည်းပြီး အန္တရာယ်ရှိတဲ့ software တွေနဲ့ကြုံရတတ်တယ်။ အဲ့software တွေက customer တွေရဲ့ bank account တွေ password တွေနဲ့ credit card တွေကို လွယ်လွယ်လေးခိုးယူနိုင်တယ်။ အဲ့အတွက် သင့်လုပ်ငန်းရဲ့ website ကို security ကောင်းအောင်လုပ်ထားဖို့လိုတယ်။
(၈) အခွန်ကိစ္စOnline entrepreneur တစ်ယောက်အနေနဲ့ အခွန်ဆောင်တဲ့ စနစ်တွေကို သိထား၇ပါမယ်။ tax law တွေကိုနားလည်ရမယ်။ ကိုယ်တိုင်နားမလည်ရင် qualified tax lawyer တွေနဲ့ တိုင်ပင်ရပါမယ်။

Categories: Contents News

Leave a Reply

Your email address will not be published. Required fields are marked *