ဒီတစ်ပတ်မှာတော့ လူတိုင်းသိထားသင့်တဲ့ အွန်လိုင်းလုပ်ငန်းတွေလုပ်ကိုင်ပြီး အောင်မြင်နေတဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင် ၈ ဦးအကြောင်း ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ (၁) Jeff TaylorDevise company ရဲ့ CEO ဖြစ်သူ Jeff Taylor ဟာ အမြတ်တော်တော်လေး ရတဲ့ online business တွေကိုလုပ်ကိုင်ရင်း Online business နဲ့ပတ်သတ်လို့ အတွေ့အကြုံအများကြီး ရှိသူတစ်ယောက်ပါ။ Web design နဲ့ marketing ကုမ္ပဏီကို စတည်ထောင်ရာကနေ တဖြည်းဖြည်းနဲ့ website ရေးပြီး ရောင်းရင်း ငွေရှာပါတယ်။ Taylor ဟာ သူ့ partner ဖြစ်သူ Evan Lisabeth နဲ့ အတူပုးပေါင်းပြီး online business ကိုတော်တော်လေးကို ပေါက်မြောက်အောင် လုပ်နိုင်သွားပါတယ်။ ကျွန်တော် သူဘယ်လောက်အောင်မြင်နေလဲဆိုတာ ဘယ်လို စသိတာလည်းဆိုရင် ကျွန်တော်တို့ကုမ္ပဏီက Taylor တို့အဖွဲ့လုပ်ထားတဲ့ seven-figure website ကို ပွဲစားလုပ်ရင်းသိတာပါ။Taylor ဟာ လုပ်စရာရှိတဲ့ အလုပ်တစ်ခုကို ချက်ချင်းလုပ်ဖို့ အရမ်းအရေးကြီးကြောင်းကို “ ကျွန်တော့်မှာ idea တွေအများကြီးရှိပါတယ်။ ဒါပင်မဲ့ အဲ့ idea တွေကို တကယ်လက်တွေ့မလုပ်ရင် ဘာမှထူးခြားပြီး ဖြစ်လာမှာ မဟုတ်ပါဘူး။ အလုပ်တစ်ခု စလုပ်ဖို့အတွက် မှန်ကန်တဲ့အချိန်ဆိုတာမျိုး မရှိပါဘူး။ ဒီနေ့ကစပြီးသာ လုပ်လိုက်ပါ။” ဆိုပြီး ပြောထားပါတယ်။(၂) Tim Seidlerကလေးနှစ်ယောက်အဖေဖြစ်တဲ့ Tim Seidler ဟာ online business ကိုလုပ်ကိုင်ရင်းနဲ့ သူ့ဘ၀ဟာ လုံးဝကိုပြောင်းလဲသွားပါတယ်။ တစ်ချိန်ကသူဟာ သူများတွေလိုဘဲသူလိုကိုယ်လို ရုန်းကန်လုပ်ကိုင်နေတဲ့သူပါ။ တစ်ရက်တော့သူ တော်တော်များများမလုပ်ရဲတဲ့ ကိစ္စတစ်ခုကိုလုပ်လိုက်ပါတယ်။ အဲ့တာကတော့ သူအလုပ်ထွက်ပြီး six-figures website တွေရေးပါတယ်။ ပြီးတော့ online မှာရောင်းပါတယ်။ သူဟာ သူ့ရဲ့၁၀၀ ရာခိုင်နှုန်းသော အချိန်နဲ့ ခွန်အားတွေကို အဲ့ online business မှာမြှုပ်နှံလိုက်တယ်။ Seidler ဟာသူရဲ့ Get Niche Quick ဆိုတဲ့ website ကနေ စီးပွားရေးလောကမှာ သူတွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ အနိမ့်အမြင့်အတက်အကျတွေကို ရေးပါတယ်။ သူရေးထားတာတွေကိုဖတ်ရင် business တစ်ခုလုပ်တဲ့အခါ အဆင်ပြေတဲ့ရက်တွေရှိသလို မပြေတဲ့ရက်တွေလဲရှိတယ်ဆိုတာ သိနိုင်တဲ့အတွက် entrepreneurs တွေအတွက်အရမ်းအကျိုးရှိပါတယ်။ Seidler ကသူ့ရဲ့လက်ရှိ project တွေ future project တွေအပြင် သူ့ရဲ့ income အကြောင်းကိုပါ ပွင့်ပွင့်လင်းလင်းဆွေးနွေးထားပါတယ်။ Seidler အကြောင်းကိုဖတ်ရင် အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး စိတ်ဓာတ်ခွန်အားလည်းရတာမို့ Seidler ရဲ့ online business journey ကိုလေ့လာဖို့ လုံးဝကိုအကြံပေးချင်ပါတယ်။(၃) Dom WellsAffiliate marketing ဆိုတာ စီးပွားရေးလုပ်ငန်းအကြီးစားတစ်ခုပါ။ entrepreneur တော်တော်များများက ဒီလုပ်ငန်းလုပ်ရင် result ချက်ချင်းမတွေ့ရလို့ ဆက်မလုပ်ပဲရပ်ပစ်ကြတယ်။ တကယ်တော့ Affiliate marketing လုပ်ငန်းမှာ ၀င်ငွေကောင်းဖို့ဆိုရင် အချိန်သေချာပေးပြီး strategy ကောင်းကောင်းလိုပါတယ်။ အရမ်းအောင်မြင်နေတဲ့ online marketer Dom Wells က online ကနေငွေရှာချင်တဲ့ entrepreneur တွေ အတွက် အကြံပေးလမ်းညွှန်ထားတာတွေရှိပါတယ်။ သူ့ရဲ့ “ Human Proof Designs” website မှာ niche website လုပ်နည်းတွေကို niche research ကအစ monetization အဆုံး အသေးစိတ်သေချာရှင်းပြထားတာတွေရှိပါတယ်။ Wells က Niche site တွေကိုသင်တယ်ဆိုတာ သူကိုယ်တိုင် တကယ်လက်တွေ့ niche site လုပ်ထားပြီး သူ့ရဲ့အတွေ့အကြုံကို စာဖတ်သူတွေနဲ့ မျှဝေပြီးသင်ကြားပေးတာပါ။ (၄) Steve RendellSteve Rendell is the man behind Texfly, an online resource for entrepreneurs who are interested in creating profitable niche websites and ranking them high in search results using the power of private blog networks. Rendell ရဲ့ website နဲ့ တခြား website တွေရဲ့ ကွဲပြားရတဲ့အကြောင်းအရင်းကတော့ Rendell က ကိစ္စတစ်ခုခုကို ဘယ်လိုလုပ်ရင်ပိုအသုံးဝင်မလဲ ပိုကောင်းမလဲ ဆိုတာပြောဖို့ဝန်မလေးပါဘူး။SEO Professional အများစုက PBN ဆိုတာကိုဘဲအလေးထားပြီး အဓိကအရေးကြီးတဲ့ quality content ကိုထည့်မပြောကြဘူး။ PBN တွေက website တွေကို level သတ်မှတ်တယ်။ ထိပ်တန်း SEO တော်တော်များများလည်း ထိုနည်းအတိုင်းပါပဲ။ သူတို့က Rendell ရဲ့ Texfly ဟာရှင်းလင်းပြီး သုံးလို့ကောင်းပြီး online သုံးတဲ့သူတွေအတွက် အကျိုးများတဲ့ Website တစ်ခုအဖြစ်အသေးစိတ်ဖော်ပြထားပါတယ်။(၅) Stuart WalkerOnline niche marketing ကိုအဓိကထားပြီးလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် Stuart Wallker ဟာဆိုရင် သူ့ရဲ့ Niche Hacks ဆိုတဲ့ Website မှာ online business နဲ့ပတ်သတ်တဲ့ ဗဟုသုတတွေနဲ့ သူ့အတွေးအမြင်တွေ အတွေ့အကြုံတွေကို ရေးသားဖော်ပြထားပါတယ်။ အသက်၃၀အောက် Walker ဟာ ကမ္ဘာပတ်ပြီး Online ကနေပဲအလုပ်လုပ်ပြီး ပိုက်ဆံရှာနေတဲ့သူပါ။ လူတိုင်းလိုချင်တဲ့ဘ၀မျိုးကို သူက Online ကနေပဲအလုပ်လုပ်ရင်း ပိုင်ဆိုင်နေသူတစ်ယောက်ပါ။Walker ကတစ်နေရာတည်းမှာနေပြီးမှ လုပ်လို့ရတဲ့အလုပ်မျိုးမဟုတ်ပဲ ဘယ်နေရာမှာနေနေလုပ်လို့ရပြီး income လည်းကောင်းတဲ့ အလုပ်မျိုးအကြောင်းနဲ့ niche research တွေကို သူ့ blog မှာဖော်ပြထားပါတယ်။Online entrepreneur တွေအနေနဲ့ သိသင့်တဲ့ တန်ဖိုးရှိတဲ့ အချက်အလက်တော်တော်များများကို Walker ဆီကနေ အလကားရရှိနိုင်ပါတယ်။ Walker ရဲ့ blog တွေက business traffic အကြောင်းတွေ content promotion အကြောင်းတွေ စတာတွေက business owner တိုင်းအတွက်အသုံးဝင်မှာပါ။(၆) Tung TranTo be successful online you have to have a strong understanding of how to rank organically in the search results. ဒါဟာ Online Business စလုပ်ချင်တဲ့သူတွေရော အပြင်မှာ company တွေ ဆိုင်တွေနဲ့ business စလုပ်မဲ့သူတွေအတွက်ရော အသုံးဝင်ပါတယ်။ Tung Tran ဟာ အောင်မြင်နေတဲ့ online entrepreneur တစ်ယောက်ဖြစ်ပြီး Cloud Living ဆိုတဲ့ Website မှာ သူ့ရဲ့အောင်မြင်မှုတွေနဲ့ အောင်မြင်အောင် ဘယ်လိုနည်းလမ်းတွေသုံးခဲ့လဲဆိုတာ ဖော်ပြထားပါတယ်။Tran ဟာ online business ကို ဘယ်လိုစရမလဲ traffic နဲ့ပတ်သတ်လို့ ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို နည်းလမ်းတွေပေးထားပါတယ်။ တော်တော်များများက online business တည်ထောင်ပြီး ငွေရှာချင်ကြတယ်။ ဒါပင်မဲ့ သူတို့ ဘယ်ကတကယ်စလုပ်ရမလဲဆိုတာ မသိကြဘူး။ အဲ့လိုလူတွေအတွက် Tran ကအားလည်းပေး နည်းလမ်းလည်းပေးပြီး ကူညီနေတဲ့သူတစ်ယောက်ပါ။(၇) Alistair Gill လုပ်ငန်းတိုင်းရဲ့ marketing နဲ့ promotion strategy အတွက် online ကနေ လှုပ်ရှားဖို့ အရေးကြီးပါတယ်။ အဲ့အတွက် content management systems, SEO, Web Analytics, Metrics စတာတွေနဲ့ ပတ်သတ်လို့ အစဉ်လေ့လာနေဖို့လိုပါတယ်။ SEO trend ကို အမြဲသိနေရအောင်ဆိုရင် Alistair Gill ကို follow ထားသင့်ပါတယ်။ Gill ရဲ့ Blog Post တွေမှာ online business လုပ်ချင်တဲ့သူတွေအတွက် အသုံးတည့်မဲ့ အချက်အလက်တွေ အများကြီးရှိပါတယ်။ ၇လစာလောက်ရှိတဲ့ data တွေနဲ့ research တွေကို content တစ်ခုချင်းစီနဲ့ ဖော်ပြထားပါတယ်။ (၈) Melanie DuncanMelanie Duncan ဟာ တစ်ကမ္ဘာလုံးက entrepreneur တိုင်းရဲ့ တကယ်ကိုအားကျရမဲ့ သူတစ်ယောက်ပါ။ “If you don’t learn how to effectively work ‘on’ your business, instead of ‘in’ your business, you will never be able to strategically grow and you’ll sacrifice the quality of life you deserve.” Duncan ကို follow လုပ်ထားပြီး သူရေးထားတဲ့ weekly newsletter တွေနဲ့ သူပုံမှန်တင်တဲ့ blog post တွေကနေ လေ့လာရင်း သင်ဟာ သင့် business ကို ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ ဆိုတဲ့အချက်တွေသင်ယူနိုင်မှာပါ။

Categories: Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *